ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

Powered by Drupal

       ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၂၅.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၃၂၀ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၉၀၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၁၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၃၀ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၉၅၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၀၇၄ အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၂၃၄၂ ၊လတ်စအိတ်ရေ ၁၀၅၂၊ ၂၅မတ်ဆန်အိတ် ၉၂၃၊ ဆန်ကွဲအိတ်ရေ ၄၀၂၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၂၅၆၀ အိတ်၊ ဆန်ကြမ်းထိပ်စ ၂၀၇၀ အိတ်၊ လတ်စ ၁၂၆၀ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၉၄၀ နှင့် ဆန်ကွဲအိတ်ရေ ၃၀၄၅ တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     ယခင်ရက်များနှင့်နှိုင်းယှဉ်လျှင် ဆန်အဝင်မှာအနည်းငယ်လျော့နည်းပြီး ဆန်ဈေးနှုန်းများ မှာလည်းအနည်းငယ်ကျဆင်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)