မိတ္ထီလာ ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Powered by Drupal

     မိတ္ထီလာ ဈေးကွက်အတွင်းသို့ ခရိုင်အတွင်းရှိကြက်သွန်နီစိုက်ပျိုးသောကျေးရွာများမှ ကြက်သွန် နီ (အသစ်)များအဝင်လှိုင်လျှက်ရှိကြောင်းသိရှိရပါသည်။

   မိတ္ထီလာ ဈေးကွက်သို့ ဆောင်းကြက်သွန်နီ(အသစ်)များ မတ်လမှစတင်ဝင်ရောက်လျှက်ရှိ‌ကြောင်း ၊ တနေ့အဝင်ပိဿာချိန် လေးသောင်း ၊ ငါးသောင်း ဝင်ရောက်လျှက်ရှိပြီး အရောင်း/အဝယ် ဖြစ်လျှက်ရှိကြောင်း ၊ တင်ပို့မှုအနေဖြင့် ရန်ကုန် ၊ ပဲခူး ၊ တာချီလိတ် ၊ မော်လမြိုင်မြို့များသို့တင်ပို့မှုရှိကြောင်း ၊ ယခုအပတ်တွင် ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ(အသစ်)လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ၁၂၀၀/၁၃၀၀ ကျပ် ၊ လက်လီဈေးနှုန်းအနေဖြင့် ကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် ၁၅၀၀/၂၂၀၀ ကျပ် ဈေးရှိကြောင်း သိရပါသည်။ ယခုအချိန်တွင် ကြက်သွန်နီ(အသစ်)များအထွက်လှိုင်ချိန်ဖြစ်၍ ကျဈေးဖြင့် ဈေးငြိမ်နေကြောင်းစုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)