သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းဈေးကောင်းရလျှက်ရှိ

Powered by Drupal

        သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်းများ နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျှက်ရှိရာ ဇွန်လကုန်အပတ်တွင် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တင်းလျှင်(၄၀၀၀ဝိ/-)ဖြင့် စတင်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

       သရက်မြို့နယ်မှ ထွက်ရှိသည့် ပဲမျိုးစုံကို မြစ်တစ်ဖက်ကမ်း အောင်လံမြို့ရှိ ဝယ်လက်သမားများမှ နေ့စဉ်ဝယ်ယူလျှက်ရှိရာ ယခုဇူလိုင်လ လဆန်းပိုင်းတွင် လက်ရှိဈေးနှုန်းအနေဖြင့် (၈၅၀ဝိ/-) ဈေးမြင့်လာပါကြောင်း၊ (၁)တင်းလျှင်(၄၈၅၀ဝိ/-)ဖြင့် တစ်နေ့လျှင် အိတ်(၂၀-၂၅)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)