ဂျင်း(ချင်း)တက်ဈေးနှုန်းဈေးကွက်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင်အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ မှလည်းကောင်း ဝယ်ယူရကြောင်းသိရှိရပါသည်။ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြကြောင်းသိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်အတွင်း မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချနေသည့် ဂျင်း(ချင်း)တက်ဈေးနှုန်းမှာ (၁)ပိဿာလျှင်(၆၀၀၀)ကျပ်ရောင်းချနေကြောင်းကုန်စိမ်းရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။  

DOCA(မန္တလေး)