
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်ဈေးအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း / ဆန်ချော အမျိုးအစားများအလိုက် 2025 ခုနှစ် ဧပြီလ ၊ ပဉ္စမပတ်တွင် ဧည့်မထတစ်ပြည်လျှင် (၃၂၀၀ မှ ၄၀၀၀) ကျပ်ထိ၊ ငစိန်တစ်ပြည် လျှင် (၂၅၀၀ မှ၂၈၀၀)ကျပ်ထိ၊ ဇီယာတစ်ပြည်လျှင်(၃၁၀၀ မှ ၃၄၀၀) ကျပ်ထိ၊ ပေါ်ကျွဲ တစ်ပြည်လျှင် ၄၇၀၀ ကျပ် ၊ ပုသိမ်ပေါ်ဆန်း တစ်ပြည်လျှင် (၅၀၀၀) ကျပ် ၊ ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ၄၈၀၀ ကျပ် ၊ ရွှေဘို ပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၆၇၀၀) ကျပ်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
အလားတူ စားဖိုဆောင်သုံးစားသောက်ကုန်များတွင် ဆီ(စားအုန်းဆီ)တစ်ပိဿာ(၇၁၅၀) ကျပ်၊ ပဲဆီ တစ်ပိဿာ (၂၀၀၀၀) ကျပ် ၊ ကြက်သွန်နီ တစ်ပိဿာ (၃၅၀၀) ကျပ် ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ (၁၆၀၀၀) ကျပ် ၊ (အမွှာ) တစ်ပိဿာ (၁၆၀၀၀) ကျပ်၊ (ဥတလုံး) တစ်ပိဿာ (၂၃၀၀၀) ကျပ်၊ အာလူးတစ်ပိဿာ (၅၅၀၀) ကျပ်၊ နနွင်းမှုန့်တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ နနွင်းတက် တစ်ပိဿာ (၉၀၀၀) ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ် (၁၀၀၀) ကျပ် ၊ရိုးရိုးဆားတစ်ထုပ် (၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ငရုပ်တောင့်(ရှည်) တစ်ပိဿာ (၁၄၀၀၀) ကျပ်၊ ငရုပ် တောင့်(ပု) တစ်ပိဿာ (၂၂၀၀၀) ကျပ် ၊ မြန်မာပဲနီလေးတစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ ပဲဝါလေး တစ်ပိဿာ (၅၀၀၀) ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ (၆၅၀၀)ကျပ်၊ ချင်းတစ်ပိဿာ (၈၀၀၀) ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ (၂၁၀၀၀) ကျပ်၊ မြန်မာကြက်တစ်ပိဿာ (၃၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၃၄၀၀၀)ကျပ်၊ ဘဲသားတစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၃၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၂၉၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာ၂၁၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ရေချိုငါးခူတစ်ပိဿာ (2၁000) ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ပုဇွန်ထုပ်(ကြီး)တစ်ပိဿာ (၅၀၀၀၀) ကျပ်၊ ပုဇွန်ထုပ်(လတ်)တစ်ပိဿာ (၄၅၀၀၀) ကျပ်၊ ပုဇွန်ကျော့တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးတန်တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ပင်လယ်ငါးတစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ငါးရံ့တစ်ပိဿာ (၂၃၀၀၀) ကျပ်၊ ငါးကျည်းတစ်ပိဿာ (၂၇၀၀၀) ကျပ် ၊ ရေချိုငါးသလောက်တစ်ပိဿာ (၃၅၀၀၀) ကျပ် ၊ပုဇွန်ခြောက် (ကြီး)တစ်ပိဿာ (၁၂၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(လတ်)တစ်ပိဿာ (၁၀၀၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (သေး) တစ်ပိဿာ (၆၀၀၀၀) ကျပ် ၊ ငါးရံ့ခြောက်တစ်ပိဿာ (၈၅၀၀၀) ကျပ် ၊ ငါးကျည်းခြောက် တစ်ပိဿာ (၉၀၀၀၀) ကျပ် ၊ ငါးပိကောင်တစ်ပိဿာ (၁၈၀၀၀) ကျပ် ၊ အာဗြဲခြောက် တစ်ပိဿာ (၃၀၀၀၀) ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။
စားအုန်းဆီမှာ ရည်ညွှန်းဈေး (၆၇၃၅) ကျပ်အပေါ် အခြေခံရောင်းချရသောကြောင့် ဈေးနှုန်းအနည်းငယ်ကျပြီး၊ ပဲဆီဈေးနှုန်းမှာ ဈေးငြိမ်လျက်ရှိပါသည်။ စားဖိုဆောင်သုံးကုန်ခြောက် ပစ္စည်းများမှာ ဈေးအနည်းငယ်ကျဆင်းပြီး ကြက်သား၊ ငါး၊ အမဲသား၊ ဆိပ်သား၊ ဝက်သားများမှာ ဈေးအနည်းငယ်တက်လျက်ရှိကြောင်း အသား/ငါး ဈေးတက်ရခြင်းမှာ သားသတ်ရုံနှင့် ဒိုင်များတွင် အဝင်နည်းခြင်း၊ စားဖိုဆောင်သုံးကုန်ပစ္စည်းများဈေးကျခြင်းမှာ စက်သုံးဆီဈေးနှုန်း ကျဆင်းခြင်းကြောင့် သယ်ယူစရိတ်များသက်သာလာသဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်းကြောင့် ဖြစ်ကြောင်း ၂၈.၄.၂၀၂၅ရက်နေ့၏ ဈေးကွက်အခြေအနေများကို ဈေးတာဝန်ခံထံမှ ဈေးကွက်စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)