
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်ရှိ ပင်စင်စားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေး ခဲ့ပါသည်။
မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆီးချိုစစ်ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း တို့ကိုလုပ်ဆောင်ခဲ့ပြီး စားအုန်းဆီရောင်းချမှုအနေဖြင့် တစ်ဦးလျှင် တစ်ပိဿာ (၇၃၇၅) ကျပ်နှုန်းဖြင့် ပိဿာချိန် (၃၃၀) ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)