
၂၀၂၅ခုနှစ်၊ ဧပြီလတွင် ကရင်ပြည်နယ် ဘားအံမြို့ပေါ်ဈေးများတွင် ပဲပြားဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
လူအများကြိုက်နှစ်သက်သည့် ပဲပြားသည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကိုကြော်ကာ အစာသိပ်လုပ်စားခြင်း၊ ပဲပြား တုတ်ထိုးလုပ်စားခြင်း ၊ ပဲပင်ပေါက်နှင့်ကြော်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း၊ ခရမ်းချည်သီးနှင့် အခြားမိမိကြိုက်နှစ်သက်ရာ အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများရှိ ပဲပြားဈေးနှုန်းများမှာ ပဲပြား လက်ကားဈေး တစ်တုံးလျှင် (၂၅၀)ကျပ်နှင့် လက်လီဈေး ပဲပြားတစ်တုံးလျှင် (၂၅၀/၃၀၀) ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (ကရင်)