ဆိပ်ဖြူကြက်သွန်နီဈေးကွက် ဈေးအနည်းငယ်မြင့်တက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံ အဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ် အ‌ရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ကြက်သွန်နီပင်စိုက်များ တူးဖော်ချိန် ဖြစ်၍ စိုက်ပျိုးမှုများသော ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ အောက်ဆိပ်၊ မြင်ကဝ၊ ဂွေးပင်၊ ချောင်းမကြီး ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ(၇)သောင်းခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၅၅၀-၁၄၀၀-၁၃၀၀-၈၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဧပြီလ (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီ ဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၁၈၀၀-၁၅၀၀-၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မူဆယ်မြို့ ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ဧပြီလ(စတုတ္ထ)ပတ်တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃)သိန်းခွဲခန့်၊ တန်ချိန်အားဖြင့် (၅၇၂)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)