သဘာဝသစ်သီးဖျော်ရည်များ အရောင်းသွက်

Powered by Drupal

          မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ်မှ ထွက်ရှိသော လိမ္မော်သီး၊ ထောပတ်သီး၊ ဂရိတ်ဖု၊ ပြင်ဦးလွင်မြို့မှ ထွက်ရှိသော ထောပတ်သီး၊ စတော်ဘယ်ရီသီး၊ ကျောက်ဆည်နှင့် မိတ္ထီလာမြို့မှ ထွက်ရှိသော ဖရဲ၊ သခွား၊ သင်္ဘောသီးများ နေ့စဉ်ဝင်ရောက်လျှက်ရှိပြီး မန္တလေးမြို့ သဘာဝ သစ်သီးဖျော်ရည်ဆိုင်များတွင်

           နွေရာသီပူပြင်းသည့်  အချိန်ဖြစ်သောကြောင့် သောက်သုံးမှုများ အလွန်များပြားလာကြသည်။ ထောပတ်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ သင်္ဘောသီး၊ နာနတ်သီး၊ သံပုရာသီး၊ ဂရိတ်ဖု စသည့် သစ်သီးဖျော်ရည်များကို ဆိုင်နာမည်အရအလိုက် ဈေးနှုန်းများ လည်းကွာခြားကြသည်။ အချို့ဆိုင်များတွင် သစ်သီးမျိုးစုံ ဖျော်ရည်တစ်ခွက်လျှင်(၂၀၀၀/ ၂၅၀၀) ကျပ်၊ မန်ကျည်းသီးဖျော်ရည်နှင့် ကြံရည်တစ်ခွက်လျှင် (၁၀၀၀)ကျပ် ဖြင့် အသီးသီးရောင်းချကြ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)