
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်ရွာ ဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲနှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မကွေးဈေးကွက်၌ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် ဧပြီလ(စတုတ္ထပတ်)တွင် ကုလားပဲ(ဟော်လန်)(၁)တင်းလျှင် ကျပ်(၇၆၀၀၀)၊ ကုလားပဲ (929)(၁)တင်းလျှင် ကျပ်(၇၇၀၀၀)ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ် ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကုလားပဲ(ဟော်လန်) ကျပ်(၃၃၀၀)၊ ကုလားပဲ(929) ကျပ်(၂၇၀၀)ဈေးနှုန်းမြှင့်တက်လာကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၁၀၀၀)၊ ပဲခူးမြို့သို့အိတ်ရေ (၂၀၀၀)တင်ပို့ပြီး တန်ချိန် (၁၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများသို့ တင်ပို့လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ပဲစဉ်းငုံအိတ်ရေ(၁၀၀၀)တင်ပို့ပြီး တန်ချိန်(၁၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ မတ်ပဲအိတ်ရေ(၂၀၀၀)တင်ပို့ပြီး တန်ချိန် (၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)