
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ မိုးစိုက်(ဥစိုက်)ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ဈေးနှုန်းများမှ ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာပြီး တစ်ရက်လျှင် ကုန်ချိန် (၄၀၀၀၀) ကျော် (၅၀၀၀၀) အရောင်းအဝယ်ဖြစ် ကြောင်း၊ ဈေးကွက်သို့ ယခင် အပတ်ထက် ကုန်ဝင်ရောက်မှုနည်းလာကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေ သော ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၅၀၀)၊ အလတ် ကျပ်(၁၃၀၀)၊ အနိမ့်စကျပ်(၈၀၀) ဖြစ်ပြီး ယခင်မတ်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၃၅၀)၊ အလတ်စ ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ် (၈၀၀) ဖြစ်၍ မတ်လ(စတုတ္ထပတ်)နှင့် ဧပြီလ(ပထမပတ်)တို့နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ကျပ်(၁၅၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်ခဲ့သော ကုန်ချိန်မှာ ပိဿာချိန်(၅၀၀၀၀)ကျော် ဖြစ်ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေစဉ်တင်ပို့နေကြောင်း ကုန်သည် များထံမှ သိရှိရသည်။
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင်ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀)မှ အနိမ့်ဈေး ကျပ်(၁၃၀၀)ထိ အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)