သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဧပြီလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင် မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၂၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၂၀) အိတ်ခန့်၊ စုစုပေါင်း(၄၃၂၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၈) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဧပြီလ၏ တတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၂၀) အိတ်ခန့်၊ စုစုပေါင်း(၄၉၂၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၃၄) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ဒုတိယအပတ်နှင့် နှိုင်းယှဉ်ပါက ပို၍ စီးထွက်ခဲ့ပါသည်။

          သထုံခရိုင်အတွင်းသို့ ဧပြီလ၏ ဒုတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီးမှ (၂၉၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၃၁) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဧပြီလ၏ တတိယအပတ်တွင် ရန်ကုန်တိုင်း ဒေသကြီးမှ (၃၀၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၂၀) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ဒုတိယ အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

          သထုံခရိုင်အတွင်း၌ ဧပြီလ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင်ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၂၈၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၂၆၀၀၀၀၀) ခန့်၊ ကမာကြည် (၂၁၀၀၀၀၀)ခန့်၊ ဧည့်မထ (၁၇၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင်ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၀၂၀၀၀) ခန့်၊ ကမာကြည် (၈၅၀၀၀)ခန့်၊ ဧည့်မထ (၇၀၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါးဆန်ဈေးနှုန်းမှာ တည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)