
ရေခူ (Jellyfish)ကို ရခိုင်ကမ်းမြောင်ဒေသနှင့် မြိတ်ဒေသတွင်တွေ့ရှိရများကြောင်း သိရသည်။ ဧပြီလမှ ဇူလိုင်လများအတွင်းတွင် ပင်လယ်ရေအငံနှုန်းများပြားသောလဖြစ်၍ ရေခူပေါ် ချိန်ဖြစ်သည်။ ရေလုပ်သားများလှေပေါ်မှ ချိတ်ဖြင့်ဆယ်ယူကာ (၁၀)ပေခန့်ရှိသော ကန်များတွင် ထည့်စိမ်ပြီး အဆင့်ဆင့်ပြုလုပ်၍ ရောင်းချကြသည်။ စား၍ရသော ပင်လယ်စာ တစ်မျိုးဖြစ်ပြီး မြိတ်စားသောက်ဆိုင်များတွင် ရေခူသုပ်၊ရေခူအချဉ်တို့ဖြင့် အမျိူးမျိုးရောင်းချကြသည်။ ရေခူကိုစားသုံးခြင်းဖြင့် ဉာဏ်ရည်တိုးခြင်း၊ အသားအရည်နုပျိုခြင်း စသည့် အကျိုးများစွာရရှိနိုင်ပါသည်။ မြိတ်မြို့ရှိ သီရိမင်္ဂလာဈေးတွင် ရေခူတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA(တနင်္သာရီ)