မြိတ်မြို့ပေါ်ရှိသစ်ချစေ့ (ခေါ်) သစ်တောက်စေ့စျေးကွက်

Powered by Drupal

    မြိတ်မြို့ရှိသစ်တောက်စေ့မှာ မြိတ်အနီးရှိစျေးကွက်တစ်ခုဖြစ်ပြီး၊ မြိတ်အနယ်နယ်မှ သစ်တောက်စေ့တွေကို ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ သစ်တောက်စေ့မှာအရည်အသွေး၊ ပမာဏအရဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။ ရာသီစာဖြစ်သည့် သစ်တောက်စေ့ကို ပြုတ်စားလို့လည်းရသလို လှော်စားလို့လည်းရသည်။ သစ်တောက်စေ့အမှုန့်ကို ပေါင်မုန့်၊ အကင်နှင့် အစားအသောက်များတွင် ထည့်သွင်းအသုံးပြုလျက်ရှိသည်။ သူ့ရဲ့အရသာဟာ အစေ့အဆန်တို့ရဲ့ သဘာဝအတိုင်း ဆိမ့်ဆိမ့်လေးဖြင့် အတော်စားကောင်းသော အခွံမာ အသီးတစ်မျိုးဖြစ်သည်။

   ယခုဧပြီလစတုတ္ထပတ်အတွင်း မြိတ်မြို့ပေါ်ရှိတိုးချဲ့စျေးနှင့် ကန်ဖျားစျေးတို့တွင် သစ်တောက်စေ့ကို နို့ဆီဗူးတစ်ဗူးလျှင် (၁၅၀၀)ကျပ်၊တစ်ပိဿာဈေး (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)