ပခုက္ကူမြို့မဈေး၌ ဧပြီလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် အာလူးသီးအသစ်များ အများအပြားဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြို့မ စည်ပင်ဈေးတွင် ကမ္မ၊ မြစ်ခြေ၊ ပေါက်မြို့နယ်ထွက် အာလူးသီးများသာမက ရှမ်းပြည်နယ်ထွက် အာလူးသီးများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ မတ်လ (ပထမပတ်)မှစ၍ ရှမ်းပြည်နယ်မှထွက်ရှိသော အာလူးသီး(အသစ်)များ လှိုင်လှိုင် ဝင်ရောက်လျက် ရှိကြောင်း သိရှိရသည်။

          မတ်လတွင် အာလူးတစ်ပိဿာလျှင် အရည်အသွေးနှင့် အရွယ်အစားလိုက် ၍ ကျပ်(၄၅၀၀-၃၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဧပြီလ(စတုတ္ထပတ်)တွင် အာလူး (အလုံးကြီး) လက်ကားတစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အလုံးလတ် တစ်ပိဿာလျှင် ကျပ် (၄၅၀၀)၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ခန့်ဖြစ်ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ကျပ်(၁၀၀၀)ခန့်ဈေးတက်နေကြောင်း မြို့မဈေးသည်များထံမှသိရပြီး နေ့စဉ်ကုန်ချိန် ဝင်ရောက်မှုအနေဖြင့် တစ်နေ့လျှင် ကုန်ချိန်(၅၀၀၀ မှ ၆၀၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)