မြင်းခြံမြို့ရှိ သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချမှုအခြေအနေ

Powered by Drupal

        မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ လေဆာအမှတ်တံဆိပ် သဘာဝမြေဩဇာလုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် သဘာဝမြေဩဇာများကို မြေကြီး၊ ထုံး၊ တောင်ပုလုမြေဖြူ၊ ဆေးရွက်ကြီးအမှုန့် (ဆေးချေးမှုန့်)၊ အရိုးမှုန့်၊ နွားချေး၊ ကြက်ချေး စသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး ထည့်သွင်းသည့် ပါဝင်ပစ္စည်းအချိုးအစားအပေါ်မူတည်၍ အမျိုးအစား၊ ဈေးနှုန်းများ ကွဲပြားခြားနားပါကြောင်း၊ အမျိုးအစားများအနေဖြင့် သဘာဝမြေဩဇာ၊ (၃)ရောင်စပ် မြေဩဇာ၊ (၄)ရောင်စပ် မြေဩဇာဟူ၍ (၃)မျိုးခွဲခြားထုတ်လုပ်ကြောင်း သိရှိရသည်။

သဘာဝမြေဩဇာ(50kg)တစ်အိတ်လျှင် (၈၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်အထိ အမျိုးအစား အလိုက် ဈေးနှုန်းခွဲခြားရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်(ဘုရင့်နောင်)၊ မော်လမြိုင်၊ မော်ကျွန်း၊ ရေကြည်၊ ဝါးခယ်မစသည့်မြို့များသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းများရှိသကဲ့သို့ ရန်ကုန် (ဘုရင့်နောင်)ပွဲရုံမှ တဆင့်တင်ပို့ခြင်းများလည်းရှိကြောင်း၊ ယခုဧပြီလမှစ၍ ဇူလိုင်လအထိ ရောင်းအားအမြင့်ဆုံးကာလဖြစ်ပြီး တစ်ရက်လျှင်(50kg)အိတ်ရေ(၅၀၀)မှ(၇၀၀)ထိ ရောင်းချရ ပါကြောင်း လေဆာအမှတ်တံဆိပ် သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချသူလုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)