ပခုက္ကူမြို့၏ ခါကြက်ဥဈေးနှုန်းအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မမြို့များတွင် ခါကြက်ဥသီးနှံ ကို တပိုင်တနိုင်စိုက်ပျိုးလျက်ရှိပြီး ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် ရှမ်းပြည်နယ်ဒေသထွက် ခါကြက်ဥများလည်း ပခုက္ကူသီးနှံဈေးကွက်သို့ ဝင်ရောက်လျက်ရှိသည်။ ခါကြက်ဥသီးနှံသည် ကျန်းမာရေးနှင့်ညီညွှတ်သည့် သီးနှံတစ်မျိုးဖြစ်၍ စားသုံးမှုများလျက်ရှိသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ခါကြက်ဥဈေး နှုန်းများမှာ ဥ အကြီး၊ အသေးနှင့် သီးနှံလတ်ဆတ်မှုပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မေလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၃၀၀)ခန့်ဈေးတက်လျက်ရှိကြောင်း သီးနှံဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)