
ရာသီစာသီးနှံ လိုင်ချီးပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ လိုင်ချီးပင်သည် မြင့်မားစွာပေါက်ရောက်တတ်ပီး လိုင်ချီးသီးအခွံသည် ပန်းရောင်နှင့် အနီရောင်စပ်ကြားရောင်ဖြစ်ပြီး အတွင်းသားပိုင်းသည် အဖြူရောင်ဖြစ်ကာ ချိုချဉ်ချဉ် အရသာရှိကာ အမျှင်ဓါတ်ကြွယ်ဝကာ ရေဓါတ်အများအပြားပါဝင်သည့်အတွက် အစာချေဖျက်မှုစနစ် ကောင်းမွန်သည့်အပြင် အရေပြားနှင့် ဆံသားကျန်းမာရေးကောင်းမွန်စေသည့်အတွက် လူကြိုက် များသော အသီးတစ်မျိုးဖြစ်သည်။
ကလေးမြို့ပေါ်တွင် ရောင်းချနေသည့် လိုင်ချီးသီးများသည် မတ်လတွင် စတင်ရောင်းချလေ့ရှိကြပြီး ပေါ်ဦးပေါ်စတွင် လိုင်ချီးသီး တစ်ပိဿာလျင် ( ၁၅၀၀၀ ) ကျပ်မှ စတင်ရောင်းချလျက်ရှိကြပြီး လှိုင်လှိုင်ပေါ်သော ဧပြီလ တွင် တစ်ပိဿာ ( ၁၀၀၀၀ ) ကျပ်ဖြင့် ရောင်းချကြပီး လိုင်ချီးသီးရာသီကုန်ချိန်ဖြစ်သည့် မေလတွင်( ၁၁၀၀၀ ) ကျပ် ပေါက်ဈေးများဖြင့် သစ်သီးဆိုင်တိုင်းတွင် ရောင်းချနေကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)