ဟင်းသီးဟင်းရွက်ဈေးကွက်

Powered by Drupal

    မန္တလေးမြို့တွင်းသို့ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းတို့မှ ဟင်းသီးဟင်းရွက်များ  ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ မန်းဈေးကွက်အတွင်း ယခု လတ်တလော ဝင်ရောက်သည့် ဟင်းသီးဟင်းရွက်ဈေးကွက်ဈေးနှုန်းများ အနေနှင့် ဂေါ်ဖီထုပ်ကြီး ၁ ထုပ်လျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ထုပ်သေး ၁ ထုပ်လျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ ကျပ် ၊ ပန်းဂေါ်ဖီ ပွင့် ၁ပွင့်လျှင် ၁၅၀၀ ကျပ်မှ၂၀၀၀ ကျပ်၊ မုန့်ညှင်းဖြူ ၁ ပိဿာလျှင် ၁၅၀၀ ကျပ်၊ ကိုက်လန် ၁ စည်း လျှင် ၁၀၀၀ ကျပ်၊ ဘိုစားပဲသီးတောင့် ၁ ပိဿာလျှင် ၂၅၀၀ကျပ် တို့နှင့်ဈေးကွက်အတွင်းအရောင်း အဝယ်ဖြစ်လျက်ရှိပြီး စားသောက်ကုန်ရောင်းချသူများသည့် မန္တလေးမြို့တွင်းသို့နေ့စဉ် သိရီမာလာ ကုန်ဈေးသို့ ဝင်ရောက်မှုရှိပြီး ထိုမှတဆင့်မြို့တွင်းရှိ ဈေးလေးများမှ လက်လီသမားများမှ ဝယ်ယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)