ပခုက္ကူဈေးကွက်၌ ခရမ်းချဉ်သီးများ ဈေးဆက်လက်မြင့်တက်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများအပြင် ဒေသထွက် ခရမ်းချဉ်သီးများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည် အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။

          ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ(ပထမပတ်)တွင် ခရမ်းချဉ်သီး ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၂၀၀၀-၁၈၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုမေလ(တတိယပတ်)တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ နှစ်ပတ်အတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုရာသီတွင် ဒေသတွင်း စိုက်ခင်းများမှ ခရမ်းချဉ်သီးထွက်ရှိမှုနည်းခြင်းကြောင့်  ဈေးတက်ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)