
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူများ နေ့စဉ်နှင့်အမျှ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများလည်း နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် ဈေးအေး၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး အအေးပိုင်းဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် ပခုက္ကူဈေးကွက်သို့ ယောဒေသထွက် ကြက်သွန်ဖြူများ ဝင်ရောက်ပြီး ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် ဗမာကြက်သွန်ဖြူ အလုံးအကြီး အသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀-၉၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ဖြူ(ဥကြီး)မျိုး တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀-၁၈၀၀၀)ဈေးရှိပြီး ယခင် မေလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်း သီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)