ရုံးပတီသီး စိုက်ပျိုးပုံနှင့် ရုံးပတီသီးဈေးကွက်

Powered by Drupal

    ရုံးပတီသီးသည် မြန်မာနိုင်ငံတွင် အိမ်တွင်းစိုက်ပျိုးမှုများပြီး စီးပွားဖြစ်စိုက်ပျိုးမှုများ ပြုလုပ်ကြသည်။ ရုံးပတီသီးကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးမှုများပြီး နွေရာသီတွင် စိုက်ပျိုးမှုနည်းပါးသည်။ မျိုးစေ့မှတဆင့်  စိုက်ပျိုးနိုင်ပြီး  တစ်ပတ်အတွင်း အညောင့်ပေါက်၍  ၄၅-၆၀ ရက်အတွင်း စတင်ခူးဆွတ်နိုင်သည်။ ရုံးပတီသီးသည် အပူပိုင်းနှင့်သမပိုင်း ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းပြီး ရေသွင်းရေထုတ်ကောင်းသော သဲနှုန်းမြေကို နှစ်သက်သည်။

     နတ်တလင်းမြို့ရှိ ကုန်စိမ်းဈေးများတွင် ရောင်းချနေသော ရုံးပတီသီးတစ်တောင့်လျှင်  ၂၀ ကျပ် ၊ ဆယ်တောင့်လျှင် ၂၀၀ ကျပ် ဖြင့်ရောင်းချလျက်ရှိသည်။ ကျန်းမာရေးအကျိုးကျေးဇူးများမှာ ဗီတာမင်အေ ၊ ဗီတာမင်စီ၊ သံဓာတ် ၊ အချဉ်ဓာတ် များစွာ ပါဝင်သောကြောင့် စားသုံးရန် သင့်တော်သော သီးနှံတစ်မျိုးဖြစ်သည်။ ကယ်လ်စီယမ် ဓာတ်ပါဝင်ခြင်းကြောင့်အရိုးပွခြင်းနှင့် သွား ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သည်။ အသားအရေစိုပြေခြင်းနှင့် မျက်လုံးအားကောင်းခြင်းကိုလည်း ဖြစ်စေသည်။ရုံးပတီသီးကို အိမ်ခြံဝင်းအတွင်း၌လည်းတပိုင်တနိုင် စိုက်ပျိုးကြပြီး စီးပွားဖြစ်ရောင်းချရန်လည်း စိုက်ပျိုးကြသည်။

DOCA(ပဲခူး)