ချဉ်ပေါင်ရွက်နှင့်ချဉ်ပေါင်အပင်စိုက်ပျိုးပုံ

Powered by Drupal

    ချဉ်ပေါင်ရွက်ကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ချဉ်ပေါင်ပင်ကို အပူပိုင်းဒေသနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုးနိုင်သည်။ အပူပိုင်းဒေသတွင် ချဉ်ပေါင်ပင်ပို၍ ဖြစ်ထွန်းသည်။ ချဉ်ပေါင်ပင်ကိုအမျိုးအစားလိုက်၍လည်း ခွဲခြားနိုင်သည်။ ချဉ်ပေါင်ကြီး၊ လျော်ချဉ်ပေါင်၊ ဓါတ်ချဉ်ပေါင်၊  ချဉ်ပေါင်လက်ခြား၊  ချဉ်ပေါင်ခါး၊  ချဉ်ပေါင်ဝက်မာတို့ဖြစ်သည်။ ချဉ်ပေါင်ကို အိမ်သုံးအတွက် ခြံတွင်း၌ စိုက်သည့်အခါ မျိုးစေ့ကို အခင်းတွင် ဤကဲ့သို့ သာမန် စိုက်၍ စားသုံးတတ်သည်။ သို့သော် ကျန်သောနည်းမှာ ချဉ်ပေါင်မျိုးစေ့များကို ပျိုးခင်းတွင် စိုက်ပျိုးကြသည်။

   ချဉ်ပေါင်ပင်သည်တစ်လကြာသောအခါ ၊ ၂ပေမျှ မြင့်လာသည်။ ထိုအခါ အပေါ်ပိုင်းရှိ အရွက်များကို ချက်ပြုတ်စားရန် ဆွတ်ခူးနိုင်သည်။ ဧပြီလလောက်တွင် စိုက်သော ချဉ်ပေါင်ပင်သည်  အောက်တိုဘာလတွင် အပွင့်ပွင့်သည်။ အပင်တစ်လခန့်တွင် အရွက်များ ခူးယူရောင်းချနိုင်သည်။  ချဉ်ပေါင်ပင်ကို အိမ်ခြံဝင်းတွင်းသာမက စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။

 

DOCA(ပဲခူး)