
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ ပဲနီသီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မေလ တတိယပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၈၁၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၈၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲနီ(၁)တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ၊ ထွက်ရှိသော ပဲနီသီးနှံကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)