ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော ဂန္ဓမာပန်း(မြနှင်းဖြူ)ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူဒေါ်စန်းလွင် ပိုင်ဆိုင်သောဂန္ဓမာပန်း (မြနှင်းဖြူ)စိုက်ခင်းသို့ (၁၉.၅.၂၀၂၅) ရက်နေ့ နံနက် (၁၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ထိုသို့သွားရောက်ကွင်းဆင်းလေ့လာရာတွင် မြနှင်းဖြူပန်းပျိုးပင်များကို ပြင်ဦးလွင်မှ ဝယ်ယူစိုက်ပျိုးရပါသည်။ စိုက်ဧကတစ်ယောက်စိုက်ရှိပြီး အပင်ရေ (၈၀၀၀)ကျော်ရှိပါသည်။ ပြာသိုလမှ စတင်စိုက်ပျိုး၍ (၄)လအကြာတန်ခူးလတွင် စတင်ခူးဆွတ်ရပါသည်။ ပန်းပေါ်ခါစတွင် တစ်ခါခူးဆွတ်လျှင် အစည်း(၅၀)ရရှိပြီး လှိုင်လှိုင်ပေါ်ချိန်တွင် အစည်း(၅၀၀)ထိ ခူးဆွတ်ရပါသည်။ (၂) ရက်ခြားတစ်ခါခူးဆွတ်ရရှိပြီး တစ်စည်းလျှင် (၁၈၀)ကျပ်နှုန်းဖြင့် တောင်လုံးညိုရွာမှ ပန်းဒိုင်များ လာရောက်ဝယ်ယူပြီး နယ်မြို့များသို့ ပြန်လည်တင်ပို့ရောင်းချကြပါသည်။ ကုန်ကျစရိတ်မှာ (၅)သိန်းကျော်ကုန်ကျပြီး အကျိုးအမြတ်မှာ (၁၀)သိန်းဝန်းကျင်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)