ရတနာသီရိဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

              မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ မေလ(14)ရက်နေ့မှ မေလ(20)ရက်နေ့ အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင် ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါ သည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီ(ထုပ်) ကျပ် 100၀ မှ  18၀၀၊ ဂေါ်ရခါးသီး (လုံး)ကျပ် 45၀ မှ  500၊ ခရမ်းချဉ်သီး (ပိဿာ) ကျပ် 15၀၀ မှ 20၀၀၊ ပန်းဂေါ်ဖီ (ထုပ်) ကျပ် 15၀၀ မှ 20၀၀၊ ခရမ်းသီး(ပိဿာ) ကျပ် 100၀ မှ  15၀၀၊ ခဝဲသီး(တောင့်) ကျပ် 60၀ မှ  70၀၊ ဂျူးမြစ်(ပိဿာ) ကျပ် 18၀၀ မှ 21၀၀၊ ငရုတ်သီးစိမ်း (ပိဿာ) ကျပ် 15၀၀ မှ  22၀၀၊ ပဲသီး(စီး) ကျပ် 5၀၀ မှ 80၀၊ ကန်စွန်းရိုးနီ (စီး) ကျပ် 15၀ မှ 20၀၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 15၀ မှ 20၀၊ ဗုံလုံသီး(တောင့်)ကျပ် 40၀ မှ 6၀၀၊ သံပုရာသီး(လုံး) ကျပ် 10၀ မှ  15၀၊ ကင်ပွန်းချဉ်(စီး)ကျပ် 10၀ မှ 20၀၊ ငရုတ်အာဝါးသီး(တောင့်) ကျပ် 10၀ မှ 150၊ ကြက်ဟင်းခါးသီး(လုံး)ကျပ် 30၀ မှ 35၀၊ ရှမ်းနံနံ(စီး) ကျပ် 150 မှ 20၀၊ ပင်စိမ်း(စီး) ကျပ် 10၀ မှ 15၀၊ ရွှေဖရုံသီး(ကြီး/လတ်/သေး) ကျပ် 100၀ မှ 20၀၀၊ ကျောက်ဖရုံသီး(လုံး) ကျပ် 200၀ မှ 25၀၀၊ ဗူးသီး(လုံး)ကျပ် 20၀၀ မှ 250၀၊ ဂွေးတောက်ရွက်(စီး) ကျပ် 10၀ မှ 150၊ ရုံပတီသီး(တောင့်) ကျပ် 30 မှ 50၊ ခရမ်းကျွတ်သီး (လုံး) ကျပ် 20 မှ 30၊ ပဲစောင်းလျားသီး(ပိဿာ) ကျပ် 220၀ မှ 25၀၀၊ ရွှေပဲသီး(ပိဿာ) ကျပ် 70၀၀ မှ 80၀၀၊ ငရုတ်ပွ(ပိဿာ) ကျပ် 50၀၀ မှ 70၀၀၊ မုန်လာဥနီ (ပိဿာ) ကျပ် 80၀၀ မှ 90၀၀၊ ဘိုစားပဲ(ပိဿာ) ကျပ် 80၀၀ မှ 120၀၀၊ ကိုက်လန်(စီး) ကျပ် 60၀ မှ 80၀၊ တရုတ်နံနံ (စီး)ကျပ် 30၀ မှ 50၀၊ ဗမာနံနံ(ပိဿာ) ကျပ် 20၀၀ မှ 30၀၀၊ မျှစ်(ပိဿာ) ကျပ် 250၀ မှ 30၀၀၊ တရုတ်ကန်စွန်း(စီး) ကျပ် 30၀ မှ 50၀၊ ဆူးပုတ်(စီး) ကျပ် 15၀ မှ 30၀၊ မြင်းခွာရွက် (စီး) ကျပ် 10၀ မှ 15၀၊ ဟင်းနုနွယ်(စီး) ကျပ် 20၀ မှ 30၀၊ ပြောင်းဖူး(ဖူး)ကျပ် 60၀ မှ 80၀၊ မုန့်ညှင်းရွက်(စီး) ကျပ် 30၀ မှ 50၀၊ ဆလပ်ရွက် (စီး) ကျပ် 20၀ မှ 25၀၊ ခရမ်းပြုတ်သီး(ပိဿာ)ကျပ် 13၀၀ မှ 18၀၀၊ ဒညင်းသီး(လုံး) ကျပ် 7၀ မှ 15၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ ရတနာသီရိဈေးအတွင်းသို့ နေ့စဉ်ကုန်အဝင်မှာ ရုံးပတီသီး ကုန်ချိန်ပိဿာ (250၀) ကျော်၊ ငရုတ်ပွကုန်ချိန်ပိဿာ (250၀)ကျော်၊ ခရမ်းသီးကုန်ချိန်ပိဿာ (20၀၀)ကျော်၊ ရွှေဖရုံသီးကုန်ချိန်ပိဿာ (30၀၀)ကျော်၊ နံနံပင်ကုန်ချိန် ပိဿာ (100၀)ကျော် အသီးသီးအဝင်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)