တနင်္သာရီတိုင်းဒေသကြီးမှ မေလအတွင်းရော်ဘာဈေးနှုန်းအခြေအနေ

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     တနင်္သာရီတိုင်းဒေသကြီးမှ ယခုမေလ စတုတ္ထအပတ်အတွင်း ရော်ဘာဈေးနှုန်းအခြေအနေမှာ RSS -3 တစ်ပေါင်လျှင်(၂၈၀ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်လျှင်(၂၇၀ဝိ/-)ကျပ်ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။ သို့ပါ၍ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်ဈေးနှုန်းမှာ မိုးရာသီဖြစ်သဖြင့် ရာဘာများ ခြစ်ယူမှုနည်းခြင်းကြောင်း စျေးနှုန်းအနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။    

DOCA(တနင်္သာရီ)