ထားဝယ်မြို့ရှိ ဒေသအစားအစာကောက်ညင်းမုန့်ကြွပ်

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဒေသအတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံစျေးနှုန်းများ ရာသီပေါ်အစားအစာများ၏ စျေးနှုန်း၊စျေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရပါသည်။ ထားဝယ်မြို့ ဒေသအစားအစာဖြစ်သည့်  ကောက်ညင်းမုန့်ကြွပ် သည်အလွန်ပင်‌ရောင်းကောင်းသောအစားအစာတစ်ခုဖြစ်သည်။ ထားဝယ်ဒေသထွက် အစားအစာ ဖြစ်သည့် ကောက်ညင်းမုန့်ကြွပ်ကို ထားဝယ်သို့လာရောက်လည်ပတ်ကြသည့် ဧည့်သည်များကလည်း အိမ်ပြန်လက်ဆောင်အနေဖြင့် ဝယ်ယူကြပါသည်။ 

    ယခုအခါ ထားဝယ်မြို့တွင် စျေးကြီးများနှင့်ကုန်စုံဆိုင်ကြီးများတွင် ကောက်ညင်းမုန့်ကြွပ်များကို အထုပ်ငယ်တစ်ထုပ်လျှင် (၁၅၀၀)ကျပ်နှင့်(၂၀၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)