၂၂.၅.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

Powered by Drupal

             ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၂၂.၅.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(သစ်) အမြင့်ဆုံးဈေး ကျပ် ၈၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀၊ မြှားနီ(သစ်) အမြင့်ဆုံးဈေး ကျပ် ၉၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အနိမ့်ဆုံး ကျပ် ၇၅၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၇၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ မြစ်ဝ (ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ယခုရက်သတ် တစ်ပတ်အတွင်း ငြုပ်သီးဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပါ သည်။

DOCA(ရန်ကုန်)