
၂၂.၅.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ်(ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၀၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၉၅၀၀၊ အောင်ပန်းထူး-၂ ကျပ် ၆၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၇၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၅၀၀/၁၈၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ် ၁၄၀၀/၁၇၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၃၀၀/၁၆၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၈၀၀/၁၀၀၀၊ မြင်းခြံ (သစ်) (ရှယ်)ကျပ် ၁၂၀၀၊ မြင်းခြံ (သစ်) လတ်ကြီး ကျပ် ၁၃၀၀ ၊ မြင်းခြံ (သစ်) လတ်သန့် ကျပ် ၁၁၀၀၊ ၊ မြင်းခြံ (သစ်) လတ်ချော ကျပ် ၈၀၀၊ ပခုက္ကူလတ်ကြီး ကျပ် ၁၅၀၀၊ ပခုက္ကူလတ်သန့် ကျပ် ၁၄၀၀၊ မုံရွာ လတ်သန့် ကျပ် ၁၄၀၀၊ မုံရွာ လတ်ချော ကျပ် ၉၀၀ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာဈေးနှုန်းများမှာ ဟဲဟိုး အေဝမ်း ကျပ် ၂၄၀၀၊ ဟဲဟိုး အိုကေ ကျပ် ၂၈၀၀၊ ဟဲဟိုး အက်စ်ဝမ်း ကျပ် ၂၈၀၀၊ ဟဲဟိုး အက်စ်တူး ကျပ် ၂၇၀၀၊ တရုတ်အာလူး ကျပ် ၃၀၀၀/၃၁၀၀ ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပါသည်။
DOCA(ရန်ကုန်)