
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဈေးကွက်များတွင် ငရုတ်ခြောက် (အရှည်)ဈေးနှုန်း (၂)မျိုး ကွဲပြားမှုရှိနေသည့် အနေအထားကိုတွေ့ရပါသည်။ မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက်သည့် ငရုတ်ခြောက် နှင့် ရှမ်းတောင်(အောင်ပန်း)ဈေးကွက်မှ ဝင်ရောက်သော ငရုတ်ခြောက်တို့ အရောင်၊ အရည်အသွေးနှင့် အရွယ်အစားအနေအထားတို့အရ ဈေးနှုန်းကွာခြားမှုကို တွေ့ရပါသည်။ မန္တလေးတိုင်းမှ ဝင်ရောက်မှုနှင့် ဒေသတွင်း ထွက်ရှိမှုတို့တွင် အရောင်၊ အရည်အသွေးကျဆင်းမှုကြောင့် သုံးစွဲမှုနည်းပါးခဲ့ပြီး ဈေးနှုန်း နိမ့်ကျ မှုအနေအထား ရှိနေသော်လည်း သုံးစွဲမှုများသော အောင်ပန်းငရုတ်ခြောက် ဝင်ရောက်မှုနည်းပါးသဖြင့် ဈေးနှုန်း မြှင့်တက်မှုတွေ့ရှိရပြီး ဒေသတွင်းထွက်ရှိမှုနှင့် မန္တလေးမှဝင်ရောက်သည့် ငရုတ်ခြောက်တွင် ဈေးနှုန်းမြှင့် တက်မှုအနည်းငယ်ရှိခဲ့သည်ကို တွေ့ရပါသည်။ အောင်ပန်းငရုတ်ခြောက်အရှည် ထိပ်စ ဈေးနှုန်းတစ်ပိဿာ (၃၂၀၀၀)ကျပ်ထိ ရှိနေပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)