ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ဆူးပုတ်ရွက် ဈေးနှုန်း အခြေအနေ

Powered by Drupal

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက် ရောင်း ချခြင်းဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို မိမိတို့ဒေသ တွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများသော အရွက်တစ်မျိုးဖြစ်ပါသည်။

ယခင် ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၁၅၀)ကျပ်၊ (၁၀)စည်း ပါ တစ်ထုံးလျှင်(၁၃၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း(၁)စည်းလျှင်(၁၀၀)ကျပ်နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၉၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင့် မိုးရွာသွန်းသည့် အတွက် ဆူးပုတ်ရွက်များ လှိုင်လှိုင်ပေါ၍ ယခင်အပတ်ထက် ဈေးအနည်းငယ် ကျဆင်းလျက်ရှိကြောင်း  ကုန်စိမ်း ရောင်းချ သည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါသည်။

Doca(စစ်ကိုင်း)