ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သရက်သီးစိမ်းနှင့် သရက်ချဉ် ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုချိန်တွင် ဒေသထွက်ဖြစ်သည့် သရက်သီးစိမ်းများကို ကျွန်းလှဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၁၅၀)ကျပ်၊ (၁၀၀၀)ဖိုး(၈)လုံး နှင့် သရက် သီး အသေး တစ်လုံးလျှင်(၁၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပြီး မေလ စတုထ္ထပတ်တွင် သရက်ချဉ် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ (၂၅)ကျပ် သားလျှင် (၈၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်‌ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)