မန်းကုန်စည်ဒိုင်ပြောင်းအရောင်းအဝယ်ဖြစ်ပေါ်မှု

Powered by Drupal

     မန္တလေးကုန်စည်ဒိုင်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မကွေးတိုင်းအတွင်း မြေနူးကျွန်းများတွင်စိုက်ပျိုးသော ပြောင်းဖူးစေ့များနှင့်မန္တလေးတိုင်းအတွင်းမှ ထွက်ရှိသောပြောင်းဖူးစေ့များ မန်းကုန်စည်ဒိုင်အတွင်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ပြောင်းဖူးစေ့များကို  စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း ၊ တိရစာ္ဆန်အစားအစာအဖြစ် အသုံးပြုခြင်းများအတွက် အသုံးပြုကြပါသည်။ မန်းကုန်စည်ဒိုင်အတွင်း ပြောင်းဖူးစေ့  ဈေးနှုန်းဈေးကွက်အနေဖြင့် ပြောင်းဖူးစေ့ဗမာ(၃)တင်းအိတ် တစ်အိတ်လျှင်(၈၂၀၀၀/-)ကျပ်၊ တစ်ပိဿာ(၁၅၁၉/-) ကျပ်၊ ပြောင်းဖူးစေ့ရှမ်း(၃)တင်း တစ်အိတ်လျှင်(၈၄၀၀၀/-)ကျပ်၊ တစ်ပိဿာ(၁၅၅၆/)ကျပ်၊ ပြောင်းဖူးစေ့ (စီပီ)(၃) တင်း တစ်အိတ်လျှင် (၈၅၀၀၀/-)ကျပ် ၊၁ပိဿာ(၁၅၇၄/-) ကျပ် တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန်းကုန်စည်ဒိုင်အတွင်း ပိဿာဈေးနှင့် အရောင်း အဝယ်ဖြစ်ပြီး (၃)တင်းတစ်အိတ် (၅၄)ပိဿာနှင့် အိတ်ဖြတ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ 

DOCA(မန္တလေး)