ကြက်မောက်သီးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

    ကြက်မောက်သီးရဲ့ ရုက္ခဗေဒနာမည်ကတော့ Nephelium lappaceum ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ အဓိကပေါက်ရောက်ပြီး  အရှေ့တောင်အာရှမှာ စတင်တွေ့ရှိခဲ့ပါသည်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ အကြီးအကျယ်စိုက်ပျိုးကြသည်။ ကြက်မောက်သီးဟာ အာဟာရကြွယ်ဝပြီး ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ အသီးအနှံဖြစ်ပါသည်။ ကြက်မောက်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂ ဂရမ်ထိ ပါဝင်သည်။ ဗီတာမင် C ကြွယ်ဝတာမို့ အစာကတဆင့် ရရှိတဲ့ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်အောင် အထောက်အကူပြုပါသည်။ ကိုယ်ခံစွမ်းအားလည်း မြှင့်တင်ပေးပြီး ရောဂါဘယများကို ကာကွယ်ပေးနိုင်ပါသည်။ ဗီတာမင် C ဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်း အနေနဲ့လည်း ဆောင်ရွက်ပေးသည်။ ကြက်မောက်သီး ၅ လုံးခန့်စားသုံးရင် ဗီတာမင် C တစ်နေ့တာလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ရရှိနိုင်ပါသည်။

    ကြက်မောက်သီးက အမျှင်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်ကို အကျိုးပြုသည်။ ကြက်မောက် သီးမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်နဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် နှစ်မျိုးစလုံး မျှတစွာ ပါဝင်သည်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များဟာ ကြေပျက်ခြင်းမရှိဘဲ အစာအိမ်အူလမ်း ကြောင်းတလျှောက် ဖြတ်သန်းသွားပါသည်။ ကြက်မောက်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာချေနှုန်းကို နှေးစေသည်။ ကြက်မောက်သီးမှာ ရေဓာတ်ကောင်းစွာ ပါဝင်တာကြောင့် အစားအလွန်အကျွံ စားမိခြင်းကနေလည်း ကာကွယ်ပေးနိုင်သည်။ မြန်မာနိုင်ငံတွင် ကြက်မောက်သီးကို မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်းတို့တွင် အဓိက စိုက်ပျိုးဖစ်ထွန်းကြသည်။ ကြက်မောက်သီး ၂၅ ကျပ်သားလျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိ သီးနှံအမျိူးအစားပေါ် မူတည်၍ ကွဲပြားလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)