ဒေသထွက်သီးနှံများ ဈေးကွက်အတွင်း စတင်တွေ့ရှိလာ

Powered by Drupal

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အခြေအနေအရပ်ရပ်ကြောင့် သီးနှံစိုက်ပျိုးမှု နည်းပါးခဲ့သော်လည်း ယခုအခါ ဒေသထွက်သီးနှံများကို ဈေးကွက်အတွင်း စတင်တွေ့ရှိလာပါသည်။ ယခင်သီးနှံအများစုကို တောင်ကြီး၊ အောင်ပန်း၊ ဆီဆိုင်တို့ဘက်မှ အများဆုံး မှာယူရောင်းချရပြီး အဆင့်ဆင့်သယ်ယူရသည့်အတွက် သီးနှံများ ဈေးနှုန်းအတက်အကျ အပြောင်းအလဲများ ရှိပါသည်။ ယခုအခါ လွိုင်ကော်မြို့အတွင်းရှိ မှုံပြာကျေးရွာ၊ နမ့်ဘော်ဝမ်ရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်များတွင် ဒေသခံများပြန်လည်စိုက်ပျိုးသဖြင့် သခွားသီး၊ ခရမ်းသီး၊ ချဉ်ပေါင်ရွက်၊ ဘူးသီး၊ ကန်စွန်းရွက်၊ မုန်ညှင်းရွက်စသည့် အသီးအနှံအချို့သည် လွိုင်ကော်ဈေးကွက်အတွင်း ဝင်ရောက်ပြီး ဈေးနှုန်းများ အသင့်အတင့်ဖြစ်လျက်ရှိပါကြောင်း ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(ကယား)