လွိုင်ကော်မြို့ သရက်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၌  မေလတတိယပတ်တွင် ဈေးကွက်အတွင်း သရက်သီး အမျိုးအစား အများအပြားတွေ့ရှိရပါသည်။ ၎င်းသရက်သီးများအား မန္တလေးမြို့မှ မှာယူရောင်းချရသည့် အသီးများရှိသကဲ့သို့ ပြည်နယ်တွင်းထွက်ရှိသော သရက်သီးများလည်းရှိပါသည်။ မိုးဦးရာသီသရက်သီးများလှိုင်လှိုင်ပေါချိန်ဖြစ်၍ သရက်သီးဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိပါသည်။ လွိုင်ကော်ဈေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးမှ မှာယူတင်သွင်းသော စိန်သလုံးသရက်သီးများမှာ ဈေးကောင်းရလျက်ရှိပြီး(၁)လုံးလျှင် ကျပ်(၅၀၀)မှ (၁၀၀၀)ခန့် ရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဧပြီလ စတုတ္ထအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင်(၅၀၀)ကျပ်ခန့်ကွာဟပြီး ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာ ဈေးအတွင်းသစ်သီးမျိုးစုံရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(ကယား)