ဈေးကောင်းရရှိနေသော တိုင်ထောင်ပဲတောင့်ရှည်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ တောင်သူများ တိုင်ထောင်ပဲတောင့် ရှည်များကို နွေ၊ မိုး၊ ဆောင်း သုံးရာသီ စီးပွားဖြစ် စိုက်ပျိုးကြပါသည်။

    ယခု မိုးရာသီစိုက် တိုင်ထောင်ပဲစိုက်ပျိုးရန်အတွက် ပျိုးဘောင်ညီညာစွာပြုလုပ် ပြီး တစ်  ဘောင်နှင့် တစ်ဘောင် သုံးပေခွာ၍ မျိုးစေ့များကို တစ်ပင်နှင့် တစ်ပင် တစ်ပေကွာ စိုက်ပျိုးရပါကြောင်း ထို့နောက် ပဲပင်များနွယ်တက်ရန်အတွက် တိုင်ထောင်၍ ကြိုးတန်းပေးရပါကြောင်း စိုက်ပျိုးပြီး တစ်လခွဲခန့် ကြာပါကအသီးများ စတင်ခူးဆွတ်ရောင်ချပါကြောင်း အသီးပေါ်ကာစတွင်   ပဲတောင့်ရှည် အတောင့် (၁၀၀) လျှင် ၃၀၀၀ ကျပ်နှုန်း ရောင်းချရပြီး ယခု မေလတတိယပတ် အသီးလှိုင်ချိန်တွင် အတောင့် (၁၀၀) လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိပြီး မြို့နယ်တွင်း ကုန်စိမ်းဒိုင်များသို့ သွားရောက်ရောင်းချပါကြောင်း တိုင်ထောင်ပဲစိုက် တောင်သူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)