နတ်တလင်းမြို့နယ်၏ ကြက်ဥဈေးနှုန်း

Powered by Drupal

     နတ်တလင်းမြို့နယ်အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံး တင်သွင်းကြပြီး  ယခင် မေလပထမပတ်တွင် ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော ကြက်ဥ/ဘဲဥ ဈေးနှုန်းများမှာ ဘဲဥအကြီးတစ်လုံးလျှင်  (၅၅၀)ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် (၆၀၀)ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ကြက်ဥဈေးနှုန်းမှာ ကြက်ဥအကြီးတစ်လုံးလျှင် (၅၀၀)ကျပ် ၊ ကြက်ဥအလတ် တစ်လုံး (၄၈၀)ကျပ်၊ ကြက်ဥအသေး တစ်လုံး (၄၇၀)ကျပ်နှုန်းရှိကြောင်း သိရှိရပြီး မေလတတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းများမှာ ကြက်ဥအကြီး တစ်လုံးလျှင် (၄၅၀)ကျပ် ၊ ကြက်ဥအလတ် တစ်လုံး (၄၂၀)ကျပ်၊ ကြက်ဥအသေး တစ်လုံး (၄၀၀)ကျပ် နှုန်းဖြင့် ဈေးကျ ဆင်းသွားကြောင်း သိရပြီး ဘဲဥဈေးနှုန်းမှာ ပုံမှန်အတိုင်းတည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)