
ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေး အဓိကလုပ်ကိုင်သောမြို့နယ်တစ်ခုဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ခုနှစ်တွင် မိုးနှမ်းလျာထားဧက(၆၄၀၇၀) လျာထားခဲ့ရာ၊ (၆၇၈၄၀)ဧကစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧက(၆၇၀၄၆)ဧကသာ ရိတ်သိမ်းခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။ အထွက်နှုန်းအနေဖြင့် (၄.၃၅)တင်းနှုန်းဖြင့် အထွက်တင်းပေါင်း(၂၉၁၄၃၆)ထွက်ရှိ ကြောင်း သိရသည်။ ဧပြီလကုန်မေလဆန်းတွင် မိုးများစတင်ရွာပြီဖြစ်သဖြင့် ငါန်းဇွန်မြို့နယ် စီထိန်း၊ တမာပင်၊အောက်ရိုး၊ ရွာသာ၊နတ်စိမ်း၊ထနောင်းပင်၊ မြို့သာ၊သရက္ကန်၊ ညောင်ပင်ကုန်း၊ အောင်ချမ်း သာကျေးရွာနှင့် ကုန်းသာကျေးရွာများတွင် မိုးနှမ်းများ စတင်စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးသော မျိုးများမှာ မကွေး၁/၁၃၊ ရိုးစိမ်း၊ရှပ်ကလေးမျိုးနှင့် ဒေသမျိုးများ စိုက်ပျိုးကြပါကြောင်း၊ ရက်အနည်း ငယ်ကြာလျှင် ပေါင်းသင်ခြင်း လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ပေါင်းသင်ပြီးလျှင် မိုးရွာပါက အထွက် ကောင်းမှာ သေချာသလောက်ရှိပါကြောင်း ၊ ယခင်နှစ်တွင် မိုးဦးကောင်းပါသဖြင့် နှမ်းများအထွက် နှုန်းကောင်းပြီးဈေးကောင်းလည်းရရှိသောကြောင့် တောင်သူများလည်း အကျိုးအမြတ်ရရှိပါ ကြောင်း သိရသည်။ ယခင်နှစ်ပေါ်စအချိန်တွင် နှမ်းတစ်ပိဿာလျှင် (၆၅၀၀/၇၀၀၀)ကျပ်ထိ ဈေးနှုန်းရှိခဲ့ပါကြောင်း ရောင်းချမှုအနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ရောင်းချ ပါကြောင်း သိရသည်။
DOCA(မန္တလေး)