
မန္တလေးတိုင်းဒေသကြီး ၊ ငါန်းဇွန်မြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော မြို့လေးတစ်မြို့ဖြစ်ပါသည်။ မြစ်ရေကျချိန်တွင် ပဲမျိုးစုံစိုက်ပျိုးကြရာတွင် ပဲလွန်းသည်လည်း စိုက်ပျိုးမှုများသော သီးနှံတစ်မျိုးဖြစ်သည့်အပြင် ရေငတ်ခံနိုင်သော ပဲတစ်မျိုးလည်း ဖြစ်ပါသည်။ ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲလွန်း(၂၁၂၇)ဧက စိုက်ပျိုးပြီး ထွက်တိုးဖြူမျိုးနှင့် ဒေသမျိုးသာအများဆုံးစိုက်ပျိုးကြောင်း သိရသည်။ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၁၀.၅၀)တင်း၊ အထွက်တင်းပေါင်း (၂၂၃၃၄)တင်း ထွက်ရှိကြောင်း သိရသည်။ ရေလည်သောင်၊ မြောက်ကျွန်း၊ ဆင်တပ်၊ သပြေသာ၊ ငါန်းလွှန့်၊ လက်ပံသာကျေးရွာနှင့် မိုးတောင်ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် ပေါ်စချိန်တွင်(၃၇၀၀-၃၈၀၀)ကျပ်ဈေးရှိပြီး မေလတွင်(၃၈၀၀/၄၁၀၀ )ကျပ်ထိရှိကြောင်း သိရသည်။ ရောင်းချမှုအနေဖြင့် မြင်းမူမြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချ ကြောင်းသိရသည်။
DOCA(မန္တလေး)