တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်းကုန် စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်းသွက်နေ ကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်း ရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့်ကျန်းမာရေးအတွက်လည်း သုံးစွဲခြင်းကြောင့် သံပုရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ် ယခင် မေလပထမပတ်တွင် သံပရာသီးတစ်လုံးလျှင် ၂၀၀ ကျပ်ရှိပြီး ယခုမေလ နောက်ဆုံးပတ်တွင် တစ်လုံးလျှင် ၅၀ ကျပ်ထိ ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)