ကန်စွန်းဉဈေးကွက်အရောင်းသွတ်

Powered by Drupal

     ကန်စွန်းဉကို မန္တလေးတိုင်းအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များတွင် ငချိတ်ကန်စွန်း၊ ရွှေဝါကန်စွန်းမျိုးများ စိုက်ပျိုးထုတ်လုပ်ရောင်းချမှုရှိသလို စစ်ကိုင်းတိုင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းနှင့် ပြင်ဦးလွင်မြို့များမှလည်း ဝင်ရောက်လျက် ရှိပါသည်။ကန်စွန်းဉတို့ ယိုထိုးခြင်း၊ ပြုတ်၍စားသုံးခြင်းများရှိသလို ကန်စွန်းဉကိုပြုတ်၍လည်း ရောင်းချခြင်း ဖုတ်၍ရောင်းချခြင်းများလည်း ရှိပါသည်။ မန္တလေးမြို့တွင်းကန်စွန်းဉ ဈေးကွက်ဉဈေး နှုန်းဈေးကွက်အနေနှင့် ငချိတ်ရောင်းဉကြီး ၁ ပိဿာလျှင် ၃၀၀၀ကျပ်မှ ၂၇၀၀ ကျပ် ၊ ဉသေး ၁ ပိဿာ ၂၀၀၀ ကျပ်၊ ရွှေဝါရောင်ကန်စွန်းဉ လုံးကြီး ၁ ပိဿာ ၃၅၀၀ ကျပ်မှ ၃၀၀၀ ကျပ် ၊ ဉသေး ၁ ပိဿာ ၂၅၀၀ ကျပ်မှ ၂၀၀၀ ကျပ် တို့နှင့်ရောင်းဝယ်မှုများရှိပါသည်။ မန်းဈေးကွက်အတွင်း ကန်စွန်ဉ များကို လက်လီရောင်းချသည့် ဈေးသည်များမှဝယ်ယူခြင်းရှိပြီး မန္တလေးမြို့ပေါ်တွင် ညနေအချိန်များ တွင် ကန်စွန်းဉမီးဖုတ်ရောင်းချမှုများသည့်အတွက် ဈေးကွက်တွင်အရောင်းအဝယ်အားကောင်းသည့် ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)