
မန္တလေးဈေးကွက်အတွင်း ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းများမှထွက်ရှိသည့်မုန်လာဉနီ(ခေါ်) ခါကြက်ဉများဝင်ရောက်လျက်ရှိပါသည်။ဈေးကွက် အတွင်းဝင်ရောက်သည့် ခါကြက်ဉများမှာ ဒေသမျိုးနှင့် ထိုင်ဝမ်မျိုးဟူ၍ နှစ်မျိုးလုံးဝင်ရောက်လျက် ရှိပါသည်။မုန်လာဉနီ (ခေါ်) ခါကြက်ဉတို့ကို အစိမ်းကြော်၊ သီးစုံချဉ်ရည်ဟင်း၊ အတို့အမြုတ်တို့ အပြင် အချို့ကဖျော်ရည်လုပ်၍သောက်သုံးကြပါသည်။မုန်လာဉနီ (ခေါ်) ခါကြက်ဉသည် တစ်နှစ် ပတ်လုံးရှိသည့် ကုန်စိမ်းသီးနှံတစ်မျိုးလည်းဖြစ်ပါသည်။ဈေးနှုန်းဈေးကွက်အနေနှင့် ထိုင်ဝမ်ဉကြီး ၁ ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ် ၊ ဒေသမျိုးဉသေး ၁ ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ် များနှင့် လက္ကားဝယ်ယူရရှိပြီး လက်လီအနေနှင့်ထိုင်ဝမ်ဉကြီး ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ် ၊ ဉသေး ၂၅ ကျပ်သားလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်များနှင့် ဝယ်ယူရရှိပြီးသောက်သုံး သူများအနေနှင့် ဒေသမျိုးဉသေးများကို အသုံးပြုမှုများကြောင်းလေ့လာသိရှိရပါသည်။
DOCA(မန္တလေး)