ကျိုင်းတုံမြို့ ပန်းဂေါ်ဖီထုပ်များ ရောင်းဝယ်မှုအခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေလတွင် ရှမ်းပြည်နယ် (အောင်ပန်း)၊ တောင်ကြီးမြို့မှတဆင့် ဝင်ရောက်လာသည့် ပန်းဂေါ်ဖီထုပ်များ အရောင်းအဝယ် ကောင်းနေကြောင်း ကျိုင်းတုံမြို့မဈေး၌ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။ ဒေသထွက် ပန်းဂေါ် ဖီထုပ်ကို ရေလုံလောက်စွာရရှိပါက နွေ၊ မိုး၊ ဆောင်း ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။ ပန်းဂေါ်ဖီထုပ်ကို ကျိုင်းတုံမြို့နယ်တွင် ဆောင်းရာသီ၌သာ အများဆုံးစိုက်ပျိုးပြီး နွေရာသီတွင် အနည်းငယ်သာ စိုက်ပျိုးပါသည်။ ကျိုင်းတုံမြို့နယ်တွင် ပန်းဂေါ်ဖီထုပ် ထွက်ရှိမှုနည်းပါးခြင်းကြောင့်  စားသုံးမှုလိုအပ်ချက်အရ ပင်းတယ၊ အောင်ပန်း၊ တောင်ကြီးမြို့မှတဆင့် ကျိုင်းတုံမြို့မဈေးသို့ ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ကျိုင်းတုံမြို့မဈေးသို့ ပန်းဂေါ်ဖီထုပ်ဝင်ရောက်မှုမှာ မေလ တတိယအပတ်တွင် ပန်းဂေါ်ဖီထုပ်ပေါင်း တစ်ပတ်လျှင် (၇၀၀) မှ (၁၀၀၀) ခန့်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်း၊ ဈေးကွက်အခြေအနေမှ အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး မေလတွင် ပန်းဂေါ်ဖီထုပ် လက်ကားဈေးနှုန်း (၂၈၀၀) ကျပ်၊ လက်လီဈေးနှုန်း (၃၀၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။

      ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှ ဝင်ရောက်လာသော ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူးနှင့် ပန်းဂေါ်ဖီထုပ် စသည်တို့ကို တင်သွင်းလျက်ရှိကြောင်း ယခုနှစ် ပန်းဂေါ်ဖီထုပ်စိုက်ပျိုးသူများ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများ ကုန်စည်သယ်ယူတင်ပို့သည့် လုပ်ငန်း လုပ်ကိုင်သူများနှင့် ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)