
မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့ ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက် ရှိပြီး၊မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်လျက်ရှိကြောင်း သိ ရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်း စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါတယ်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေးမှာ ၃တင်း ဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ) ၈၂၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း) ၈၄၀၀၀ ကျပ်နှင့် ၈၅၀၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၄၅၀၀ကျပ်နှင့် ၈၅၀၀၀ကျပ်၊တစ်ပိဿာစျေးအနေ ဖြင့် ပြောင်း ဖူးစေ့(ဗမာ) ၁၅၁၉ ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)၁၅၅၆ကျပ်နှင့် ၁၅၇၄ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၅၆၅ ကျပ်နှင့် ၁၅၇၄ကျပ်စျေးတို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလ တူတစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့(ဗမာ) ၁၁၆၇ကျပ်နှင့် ၁၁၈၅ကျပ်၊ပြောင်းဖူးစေ့(ရှမ်း) ၁၁၉၄ ကျပ် နှင့်၁၂၀၄ ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၁၉၄ကျပ်နှင့် ၁၂၀၄ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။ယခု နှစ်စျေးနှင့်ယခင် နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ်အထက် စျေးပိုမိုရရှိကြောင်း သိရပါ တယ်။ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြား ခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ် ကြောင်း သိရပါတယ်။
DOCA(မန္တလေး)