
မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့်ဆောင်းရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊ အထွက် နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလနောက်ဆုံးပတ်အတွင်း ဖြစ် ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ ၁၀၀၀၀ကျပ်နှင့် ၁၀၂၀၀ ကျပ်၊ S1 လုံးဆံ(ဆီဆံ)၉၀၀၀ကျပ်နှင့် ၉၄၀၀ကျပ်၊ S1 ရွေးဆံ ၉၇၀၀ ကျပ်နှင့် ၉၈၀၀ ကျပ်၊ အနီဆီဆံ ၉၀၀၀ကျပ်နှင့် ၉၁၀၀ကျပ်၊အနီလုံးဆံ ၉၃၀၀ ကျပ်နှင့် ၉၃၅၀ကျပ်တို့ဖြစ်ကြောင်း သိရ ပါတယ်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၇၁၀၀ကျပ်နှင့် ၇၂၀၀ ကျပ်၊ S1 ဆီဆံ ၆၄၀၀ ကျပ်နှင့် ၆၅၀၀ကျပ်၊ S1ရွေးဆံ ၆၈၀၀ကျပ်နှင့် ၆၉၀၀ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူ စျေး နှိုင်းယှဉ်ပါကတစ်ပိဿာလျင် ၂၀၀၀ ကျပ်အထက်ပိုမိုရရှိကြောင်း သိရပါတယ်။ မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်း စျေးကွက် လိုအပ်ချက်များပြီး၊ ပြည်ပတင်ပို့သည့် စျေးကွက်ဝင်ကုန်စည်ဖြစ်ကြောင်းသိရပါတယ်။
DOCA(မန္တလေး)