မန္တလေးကုန်စည်ဒိုင်မတ်ပဲပေါက်စျေး

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်ရှိသည့်မတ်ပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ သည့်စျေးကွက်ဝင်ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲ သီးနှံစိုက်ပျိုးမှု (၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း(၁၂.၆၅)တင်း နှင့် အထွက်(၁၃၂၇၀၉)တင်း ဖြစ်ကြောင်းသိရပါတယ်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက် စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၈၁၀၀၀၀ ကျပ်နှင့် ၂၈၂၀၀၀၀ ကျပ်၊ တစ် ပိဿာစျေးမှာ ၄၆၈၃ ကျပ်နှင့် ၄၇၀၀ ကျပ်ဖြစ်ပြီး  ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၈၃၃ကျပ်နှင့် ၅၁၆၇ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ ယခုနှစ်စျေးနှင့် ယခင် နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲပေါက်လျော့နည်းသွားကြောင်း သိရ ပါတယ်။ ဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှု ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)