ဘိလပ်မြေတင်သွင်းသူအဖြစ်မှ တင်ပို့သူအဖြစ် အသွင်ကူးပြောင်းနေသည့် ကမ္ဘောဒီးယား

Powered by Drupal

             ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet က ဘိလပ်မြေတင်သွင်းသည့်နိုင်ငံအဖြစ်မှ တင်ပို့သူအဖြစ်အသွင်ကူးပြောင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ မေလ ၂၀ ရက်နေ့က Kampong Speu ပြည်နယ်တွင်ကျင်းပခဲ့သည့် Conch KT Cement (Phnom Penh) Co., Ltd ၏ ဘိလပ်မြေစက်ရုံသစ်ဖွင့်ပွဲတွင် ဝန်ကြီးချုပ်က ၂၀၀၇ ခုနှစ်မတိုင်မီက ကမ္ဘောဒီးယားသည် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ထံမှ ဘိလပ်မြေတင်သွင်းမှုအပေါ် လုံးဝမီခိုခဲ့ရသော်လည်း ယခုအခါနိုင်ငံသည် ပြည်တွင်းဝယ်လိုအားကိုဖြည့်စည်းရန်နှင့် ပြည်ပသို့တင်ပို့ရန်အတွက် ဘိလပ်မြေစက်ရုံ ၆ ခုကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံသို့ ဘိလပ်မြေတန်ချိန် ၃၀၀၀၀ တင်ပို့နိုင်ခဲ့ ကြောင်း သိရပါသည်။ ဝန်ကြီးချုပ်က နိုင်ငံတကာဈေးကွက်များသို့ ကမ္ဘောဒီးယားဘိလပ်မြေ ထပ်တိုးတင်ပို့နိုင်ရန်အတွက် နည်းလမ်းများရှာဖွေရာတွင် ကြိုးပမ်းအားထုတ်ရန် သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားဘိလပ်မြေထုတ်လုပ်သူများအသင်းအား တောင်းဆိုခဲ့‌ကြောင်း သိရပါသည်။ ထို့ပြင် လုပ်ငန်းနယ်ပယ်အတွင်း စီးပွားရေးကျရှုံးမှုအလားအလာအား ရှောင်ရှားရန်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက်  ဘိလပ်မြေလိုင်စင်သစ်များကို ကန့်သတ်ရန်အတွက် အဆိုပြုချက်များကို ဂရုစိုက်ဆန်းစစ်ရန် ဝန်ကြီးဌာနကို တောင်းဆိုခဲ့ ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားတွင် နှစ်စဉ် တန်ချိန် ၁၁ သန်းထုတ်လုပ်နိုင်စွမ်းရှိသည့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၁ ဘီလီယံတန်ဖိုးရှိသော ဘိလပ်မြေ စက်ရုံ ၆ ခုလည်ပတ်နေကြောင်း သိရပါသည်။ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး Keo Rottanak ၏အဆိုအရ ကမ္ဘောဒီးယားတွင် ဘိလပ်မြေစက်ရုံသစ် ၃ ရုံ တည်ဆောက်လျက်ရှိပြီး အပြည့်အဝ လည်ပတ်နိုင်ပါက နှစ်စဉ်ထပ်တိုး တန်ချိန် ၅ သန်း ထုတ်လုပ်နိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။

Khmer Times

DOCA (ရန်ကုန်)