ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သံပုရာသီး ဈေးနှုန်း အခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချကာ ယခု လို နွေရာသီတွင် သံပုရာသီးအနည်းငယ်ရှားပါးသည့်အတွက် ဈေးကွက်အတွင်း ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

    ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီးအကြီးတစ်လုံးလျှင် ၂၀၀/၂၅၀ ကျပ်နှင့် သံပုရာသီးအသေးတစ်လုံးလျှင် ၁၅၀/၁၀၀ ကျပ်ဈေးနှုန်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှ မြို့၊ ပိတောက်မြိုင်ဈေးတွင် သံပုရာသီးရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA (စစ်ကိုင်း)